...ယနေ့ (5/10/2020) အသစ်ထွက် လိုင်စင်ဝင်းဒိုး နောက်ဆုံးထွက်အပ်ဒိတ်... Windows (10) Pro 2020 Version(2004)19041.546 (x86)+(x64) (October 2020 Update) + Windows Toolkit App (Lifetime License)(လိုင်စင်ဝင်းဒိုး)
ဝင်းဒိုး (10) ပရို တစ်မျိုးတည်း (x86)32bit/(x64)64bit နှစ်မျိုးပါဝင်၍ ရွေးချယ်ရန်မမှားနိုင်တော့ပါ (x86) (x64) နှစ်သက်ရာ ရွေး၍အင်စတောလုပ်ရန်သာဖြစ်သည်...ထူးခြားပါဝင်လာသည်မှာ... -လိုင်စင် (1PC) ရပြီဖြစ်ကြောင်း အနက်ရောင် (Warning box) တက်လာပြီး ကီးဘုတ်မှ (Esc) ကီးနှိပ်ပြီးသည်နှင့် (Windows Toolkit App) အော်တိုအင်စတောလုပ်ပါလိမ့်မည်... အင်စတောမလုပ်လိုပါက သူ့အချိန်မကုန်မီအတွင်း ကီးဘုတ်မှ (Enter) ခေါက်ပေးလိုက်ပါ မြန်ဖို့တော့လိုသည်...အင်စတောလုပ်သွားလျင်လည်းပြဿနာမရှိပါ မိမိအသုံးပြုလိုသည့်အခါ အသုံးပြုနိုင်မည်ဖြစ်သည်... ****လိုင်စင်ဝင်းဒိုးများစံနစ်တကျတင်နည်း (ခရက်ဝင်းဒိုးများ ၊ MS Free ဝင်းဒိုးများတင်နည်းနှင့်လုံးဝမရပါ)...*** ...မကြာခဏပြောထားသော်လည်း ယခုအထိမေးနေဆဲဖြစ်တဲ့... (Windows 10)...လိုင်စင်ဝင်းဒိုးတွေတင်ပေးထားပါလျက် အော်တိုအက်တီဗိတ်မဖြစ်သည့်ပြဿနာအတွက်အဖြေဖြစ်တယ်....(Post မှာလည်းအသေအခြာရေးပေးထားပါလျက် စာမဖတ်ကြသူများအထူးသတိပြုပါ).... ***ယခုပြောထားသည့်အတိုင်းမပြုလုပ်ပဲ...ဝင်းဒိုးပေါ်ဝင်းဒိုးထပ်တင်ခြင်း (Upgrade) ၊ (C:\ )ကိုသာဖောမတ်ချဝင်းဒိုးတင်သူများ (ရှေးအယူအဆ) ဖြင့်တင်တဲ့သူများ အက်တီဗိတ်လုံးဝမဖြစ်ပဲ ခရက်ဝင်းဒိုးအသုံးပြုသကဲ့သို အက်တီဗေတာ Run ၍ အက်တီဗိတ်လုပ်လျင် ခရက်ဝင်းဒိုးသာဖြစ်မည် (Windows Features) များအကုန်မရရှိပဲ (Microsoft မှ Free ပေးသော Original image) ကိုတင်ထားသကဲ့သို့ဖြစ်မည်ကို သိရှိထားရမည်.... Free သည် Free အဆင့်သာ (Features) များကိုပေးသုံးသည်ကို လူတိုင်းနားမလည်ကြပါ....ဥပမာ ဝင်းဒိုးမှ (3D Viewer) ကဲ့သို့တွင် Animation ပါသော (.fbx) ဖောမတ်ဖိုင်ကို နှစ်ချက်ကလစ်လျင်ဖွင့်မပေးပါ...အခြားအရာများအများကြီးရှိပါသည်.... ခက်တာက ဆော့ဝဲအမြင့်များမသုံးတတ်သေးသူများ ဝင်းဒိုးပြည့်စုံသည် မပြည့်စုံသည်ကို လုံးဝ (လုံးဝ) နားလည်မည်မဟုတ်ပါ ရှင်းပြနေရမှာလည်း ယခုခေတ်မှာအလုပ်မဟုတ်တော့ပါ....တစ်ကယ်သိအောင်လေ့လာပါ...တတ်ယောင်ကားနှင့်မဆုံးဖြတ်ပါနှင့်...အချိန်မကုန်အောင် တင်ပေးသည်များကိုသာသုံးလိုကသုံးပါ... မကြိုက်လျင် မိမိနှစ်သက်ရာ ဝင်းဒိုး ၊ ဆော့ဝဲ ၊ ပလပ်အင်များကို ထုံးစံအတိုင်း Free Website များ (getintopc) ကဲ့သို့သာသိထားသောသူများက ယခင်အတိုင်းသာ ၄င်းဝဘ်ဆိုဒ်များမှ ဒေါင်းယူအသုံးပြုကြပါ... (နောက်ကျမည်) (ဖိုင်ဆိုဒ်ကြီးမည်) (mega link မရ၍ Speed နည်းမည်) (အခန့်မသင့်လျင် Virus/Ransomware) ပါမည် ***အင်တာနက်မသုံးတတ်သေးသူများ (Yes) (Allow) များပေးမှ မိမိလင့်ကိုပေးမည်ဟုပြောလျင် ကလစ်ပေးကြသူများ*** ငွေတတ်နိုင်သူများက (Premium) လင့်ဝဘ်ဆိုဒ်များကိုသာအသုံးပြု၍ဒေါင်းလုတ်ဆွဲဖို့အကြံပေးချင်သည် (Visa/Master/Google Pay/Paypal ) ကဒ်များနှင့်ငွေချေနိုင်သည်... လိုင်စင်ဝင်းဒိုးများစံနစ်တကျတင်နည်း (ခရက်ဝင်းဒိုးများ ၊ MS Free ဝင်းဒိုးများတင်နည်းနှင့်လုံးဝမရပါ)...
(1) မိမိစက်မှာ ဝင်းဒိုးတင်မည့် (SSD/M2/HDD) တစ်ခုသာတပ်ဆင်ထားရမည်....
(2) ဝင်းဒိုး (USB boot) တပ်ဆင်ထားရမည်....
(3) ပါဝါ (ON) ပြီးသည်နှင့် သက်ဆိုင်ရာ (Boot Menu) ကီးကိုနှိပ်ထားပါ... *Bios ကီးမဟုတ်ပါ* ဒက်စတော့အတွက်... -ASUS Motherboard = (F8) ကီး -MSI Motherboard = (F11) ကီး -GigaByte MotherBoard = (F12) ကီး ...အခြားမားသားဘုတ်များက ဘုတ်တက်လာသည်နှင့် သက်ဆိုင်ရာ (Bios) နှင့် (Boot menu) ကီးကိုပြပါလိမ့်မည်...(Boot menu) ကီးကိုအမြန်နှိပ်ပေးပါ...
(4) Boot menu တွင်.... (GPT) ပါတီးရှင်းနှင့်ဝင်းဒိုးတင်မည့်သူများက (UEFI USB...... )ရွေးကာ (Enter) ခေါက်ပါ.... (MBR) ပါတီးရှင်းနှင့် ဝင်းဒိုးတင်မည့်သူများက (USB....)***UEFI စာသားမပါသော*** ရွေးကာ (Enter) ခေါက်ပါ... black စခရင်မှာစာတန်းလေးပေါ်လာသည်နှင့် (Enter) ကိုဆက်တိုက်ခေါက်ပေးပါ...
(5) Windows 10 Pro x64 /x86 (32 bit) ကိုရွေးပေးပါ....
(6) SSD/M2/HDD ဝင်းဒိုးပါတီးရှင်းများပြသည့်နေရာ၌ တစ်ပိုင်းမကျန် (Delete) လုပ်ရမည်....တစ်ပိုင်းထဲကျန်သည့်အခါ... -(New)... -(Apply)*သူ့အတိုင်းအားလုံးထားပါမပြင်ရ*... -(Yes)... -(OK)... အော်တိုအောက်ဆုံးမှပါတီးရှင်းကိုရွေးပြီးဖြစ်နေမည်သူ့အတိုင်းထားကာ...***ဖောမတ်ချရမည့်နေရာလုံးဝ (လုံးဝ) မပါသည်ကိုသိရှိထားရမည်... -(Next) ....
(7) ပထမအကြိမ် (Restart) ကျသွားသည်နှင့် မိမိတပ်ဆင်ထားသော (USB Boot) ကိုဖြုတ်ထားလိုက်ပါ... *** MBR ပါတီးရှင်းနှင့်(Legacy Boot)တက်ခဲ့သူများက အထူးသတိထားရမည်မှာ ဒုတိယအကြိမ် ဘုတ်တက်မလာခင် (USB Boot) ကိုဖြုတ်ပြီးသည်နှင့် ကီးဘုတ်မှ ယခင် (Boot Menu) ကီး (F8/F11/F12) ကိုအမိအရနှိပ်ပေးထားပါ... (Boot Menu) ပေါ်လာလျင် မိမိတပ်ဆင်ထားသော (SSD/M2/HDD) ကိုရွေးကာ (Enter) ခေါက်ပေးပါ ****အရေးပါသည် မဟုတ်လျင် Boot ပျောက်နေသည့် စာတန်းချည်းသာပေါ်လာမည်ဖြစ်သည်... (UEFI နှင့်တင်သူများကရွေးပေးရန်မလိုပါ နောက်တစ်ကြိမ် (HDD) များ(Ex HDD)များတပ်ဆင်ပြီးပြန်လည်ပါဝါဖွင့်သည့်အကြိမ်တိုင်း၌ (Boot menu) တွင် (Windows Boot Manager) တစ်ခုတိုးလာမည် ၄င်းကိုသာ အမြဲရွေးပေးရမည် (SSD/M2/HDD) များကိုရွေးပေး၍မရပါ*** *** သို့မှသာ ဝင်းဒိုးတက်လာသည်နှင့် လိုင်စင်ရပြီးဖြစ်နေမည် အနက်ရောင်ဘောက်နှင့်တက်လာသည်မှာ ယခုဝင်းဒိုးသည် ယခုစက်အတွက်သာလိုင်စင်ရမည် (1 PC Lifetime) ဖြစ်ပြီး အခြားစက်မှာယခု (SSD/M2/HDD) ကိုတပ်ဆင်၍ ဝင်းဒိုးတက်ခဲ့သော် လိုင်စင်အက်တီဗိတ်မဖြစ်ပါဟု ဆိုလိုရင်းဖြစ်သည် (စမ်းသပ်ကြည့်နိုင်သည်) ...ကီးဘုတ်မှ (ESc)ကီးကိုနှိပ်၍ထွက်ပေးလိုက်ပါ...လိုင်စင်အက်တီဗိတ်ဖြစ်ပြီးဖြစ်နေမည်ကိုတွေ့ရမည်... -အားလုံးပြီး၍ ဝင်းဒိုးအပ်ဒိတ်လုပ်ခြင်း ၊ ဒရိုင်ဘာများတင်ခြင်း ၊ Windows Essential ဆော့ဝဲများတင်ပြီးပါက ပါတီးရှင်းခွဲလိုလျင် (D/E....) စသည်ဖြင့်... - This PC > Manage > Disk Management မှလိုအပ်သလိုပါတီးရှင်းများခွဲလိုကခွဲနိုင်သည်.... ***နောက်တစ်ကြိမ် ၄င်း (SSD/M2/HDD) ကိုယခုစက်မှာပင် ဝင်းဒိုးပြန်တင်လိုပါက ပါတီးရှင်း (D/E....)များကိုဖျက်စရာမလိုတော့ပါ....(D/E...)မှလွဲ၍ကျန်ဝင်းဒိုးအပိုင်းများ (4) ခုလုံးကို (Delete) တစ်ပိုင်းထဲဖြစ်သွားလျင်ယခင်အတိုင်း (Apply) (Yes)(OK) (Next) ဖြင့်ဝင်းဒိုးပြန်တင်ခြင်းပြုလုပ်နိုင်သည်...***ဗားရှင်းမပြောင်းပဲပြန်တင်ခြင်းကိုဆိုလိုသည် (ဥပမာ - v.(1909) မှ (1909) ....v.(2004) မှ (2004) ပြန်တင်ခြင်းကိုသာဆိုလိုခြင်းဖြစ်သည်.... v.(1903/1909) စသည်တို့မှ v.(2004) ကဲ့သို့ဗားရှင်းပြောင်းလျင် မူလအစကပြောထားသည့်အတိုင်း အားလုံးဖျက်ကာ အသစ်တင်ရမည်ဖြစ်သည်..... #ဦးကောင်းမြင့် (5-Oct-2020)
Comments
Post a Comment