Skip to main content

Windows 8/8.1/10 တင်နည်း

Windows 8/8.1/10 တင်နည်း
Windows 8/8.1/10 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။ (Windows 8/8.1/10 စတဲ့ Windows တွေကတော့ များသောအားဖြင့် Step တွေ အာလုံးအတူတူပဲ)...
တကယ်လို့ သင်ဟာ Windows တင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံး၀ အသုံး၀င်မယ်လို့ မျှော်လင့်ပါတလ်။
Windows ဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။
..
...
(သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။)
ဟုတ်ပါတလ်။ Windows ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။ (External HDD ကိုတော့ ပိုပီးတော့ Recommend ပေးပါတလ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Data D ထဲမှာ သိမ်းထားတာကလည်း မလုံခြုံပါဘူး... ပျက်နိုင်ခြေ ၂မျိုးခုရှိပါတလ်။ D Partition ကို မှားဖြတ်မိတာပဲဖြစ်ဖြစ်၊ UEFI နဲ့ Lagency ဖြစ်နေလို့ ဖြစ်လိုက်ရတာပဲဖြစ်ဖြစ်ကြောင့် မှားဖြတ်လိုက်မိရင် ပျက်သွားနိုင်ပါတလ်။ ထားပါတော့ နောက်ပိုင်း UEFI နဲ့ Lagency အကြောင်း ရှင်းပြပေးပါအုန်းမလ်။)
.
ကဲ Windows 8 ကို တင်ရအောင်။
..
...
၁) သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။
ဒါမှမဟုတ် F12 ကိုနှိပ်ပြီး Boot Option မှာ DVD Drive ကိုရွေးပါ။
(တစ်ခုရှိတာကတော့ Bios ထဲ၀င်တဲ့ Key တွေ၊ Boot Option Key တွေကတော့ ပြောင်းလဲနိုင်ပါတလ်။ Desktop အားလုံး၊ Laptop တော်တော်များများကတော့ ၀င်လို့ ရပါတလ်၊ တစ်ချို့ Laptop တွေမှာ ကတော့ F1, Fn+F2, စတာတွေဖြစ်နေတတ်ပါတလ်။)
..
...
၂) ပီးရင် ပုံ မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။
..
၃) မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။
(Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။)
..
၄) Install Now ကိုနှိပ်ပါ။
..
၅) Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ မှာပြထားတဲ့့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key ကိုထည့်ပြီး Next ကိုနှိပ်ပါ။
(Product Key တွေကို First Command မှာ ပေးထားပေးပါမလ်)
..
၆) ပီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။
..
၇) Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံး၀ အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)
..
၈) ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့ Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ် Format ဆိုပြီးတွေ့ရလိမ့်မယ်။ အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။ Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။ (အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှားပါစေနဲ့။)
..
၉) Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။ မိမိ၏ စက် Specification ပေါ်မျာ မူတည်ပီးတော့ နည်းနည်းတော့ ကြာလိမ့်မယ်။
..
၁၀) ပီးရင် Restart ကျသွားလိမ့်မယ်။
..
၁၁) Restart ပြန်တတ်လာ တဲ့အခါ ပုံ မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကျသွားလိမ့်မယ်။
..
၁၂) Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။
..
၁၃) နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။ သင်ရဲ့ email address ကိုထည့်ပါ။(မထည့်ပဲနဲ့ အောက်နားမှာ Sign In Without a Microsoft Account ဆိုတာလေးကို နှိပ်ပီးတော့ လည်း သွားလို့ ရပါတလ်)
..
၁၄, ၁၅, ၁၆) ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows ကိုသွင်းလို့ပြီးသွားပါပြီ။
..

အားလုံးအဆင်ပြေကြပါစေ။
အားလုံးပဲ အောက်က Command မှာ အတွေ့အကြုံလေးတွေ ပြန်လည် Share မျှပေးခဲ့ပါအုန်း.....

WINDOWS 8 PRO PRODUCT KEY
---------------------------
84NRV-6CJR6-DBDXH-FYTBF-4X49V
QGR4N-78PMD-KCRQ7-83BXT-YG667
ND8P2-BD2PB-DD8HM-2926R-CRYQH
T3NJK-3P683-2T7BJ-2X27F-8B2KV
YMMV-FVDXB-QP6XF-9FTRT-P7F9V
BTNJ7-FFMBR-FF9BH-7QMJ9-H49T7
HB39N-V9K6F-P436V-KWBTC-Q3R9V
XWCHQ-CDMYC-9WN2C-BWWTV-YY2KV
RRYGR-8JNBY-V2RJ9-TJP4P-749T7
4Y8N3-H7MMW-C76VJ-YD3XV-MBDKV

WINDOWS 8.1 PRODUCT KEYS
-----------------------------
HMCNV-VVBFX-7HMBH-CTY9B-B4FXY
MBFBV-W3DP2-2MVKN-PJCQD-KKTF7
6RH4V-HNTWC-JQKG8-RFR3R-36498
4Y8N3-H7MMW-C76VJ-YD3XV-MBDKV
28VNV-HF42G-K2WM9-JXRJQ-2WBQW
XHQ8N-C3MCJ-RQXB6-WCHYG-C9WKB
34NH-RXG76-64THK-C7CKG-D3VPT
TT4HM-HN7YT-62K67-RGRQJ-JFFXW
FHQNR-XYXYC-8PMHT-TV4PH-DRQ3H
ND8P2-BD2PB-DD8HM-2926R-CRYQH
MHF9N-XY6XB-WVXMC-BTDCT-MKKG7

Windows 10 Professional
------------------------------
W269N-WFGWX-YVC9B-4J6C9-T83GX
VK7JG-NPHTM-C97JM-9MPGT-3V66T
WYPNQ-8C467-V2W6J-TX4WX-WT2RQ

Credit..Original Author

Comments

Popular posts from this blog

File Extension အကြောင်း

ဒီနေ့တော့ သတိရသလောက် file extension နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး နဲနဲပါးပါး ရွှီးရွှမ်းကြည့်မယ်ဗျာ။ File extension ဆိုတာ ရှိနေတဲ့ ဖိုင်ဟာ ဘယ်လို ဖိုင်အမျိုးအစားဖြစ်ပါတယ်ဆိုတာကို ဖေါ်ပြပေးတဲ့ အမျိုးအစားခွဲခြားပြသည့် အမှတ်သညယဖြစ်ပါတယ်။ မသိတဲ့လူတွေအတွက် ထင်သာမြင်သာတဲ့ ဥပမာပေးရ ရင် Facebook.apk ဆိုတဲ့ software လေးမှာ Facebook ဆိုတဲ့ နာမည်နောက်က ဒေါ့တ် (.) ပြီးရင်ရေးထားတဲ့ apk ဆိုတာ သူ့ရဲ့ file extension ပါ။ apk ဆိုတာ Android package အတိုခေါက် ခေါ်တာပါ။ file extension တွေ ရဲ့ အဓိပ္ပါယ် ဘာလဲ ဆိုတဲ့အကြောင်း ဆွေးနွေးမှာ မဟုတ်တဲ့အတွက် နိဒါန်းကို ဒီမှာ နားမယ်။ OK, Computer မှာ program တစ်ခု သွင်းတိုင်း program နဲ့ သက်ဆိုင်တဲ့ file type လေးတွေပါ တပါတည်း ပါဝင်တက်ပါတယ်။ ဥပမာ – something.psd ဆိုတဲ့ file လေး ရှိတယ် ဆိုပါစို့။ ကိုယ့်ကွန်ပျူတာထဲမှာ Adobe Photoshop installed လုပ်မထားဘူးဆိုရင် something.psd ဆိုတဲ့ ဖိုင်ကို ကွန်ပျူတာက unknown file လို့ပဲ ပြနေမှာပါ။ ဘာလို့လဲဆိုတော့ Windows ရဲ့ default file type တွေထဲမှာ .psd မပါဝင်လို့ပါပဲ။ အဲဒီ something.psd ကို double click နဲ့ ဖွင့်ကြည့် open wit...

Computer Knowledge 20(သိထားသင့်တဲ့ ကွန်ပျူတာ အကြောင်း)

51Knowledge က̳ွ̳န်̳̳ပျ̳̳ူ̳တ̳ာ̳န̳ှ̳င့်̳̳̳ပ̳က်̳̳သ̳က်̳̳၍̳ ̳လ̳ူ̳သ̳ိ̳န̳ည်̳̳း̳ေ̳သ̳ာ̳ ̳အ̳ေ̳ၾ̳က̳ာ̳င္̳̳း̳အ̳ရ̳ာ̳အ̳ခ်̳̳ိ̳ဳ̳႕̳ ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။ ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။ ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။ ၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။ ၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။ ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင်...