Skip to main content

File Extension အကြောင်း

ဒီနေ့တော့ သတိရသလောက် file extension နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေး နဲနဲပါးပါး ရွှီးရွှမ်းကြည့်မယ်ဗျာ။


File extension ဆိုတာ ရှိနေတဲ့ ဖိုင်ဟာ ဘယ်လို ဖိုင်အမျိုးအစားဖြစ်ပါတယ်ဆိုတာကို ဖေါ်ပြပေးတဲ့ အမျိုးအစားခွဲခြားပြသည့် အမှတ်သညယဖြစ်ပါတယ်။ မသိတဲ့လူတွေအတွက် ထင်သာမြင်သာတဲ့ ဥပမာပေးရ ရင် Facebook.apk ဆိုတဲ့ software လေးမှာ Facebook ဆိုတဲ့ နာမည်နောက်က ဒေါ့တ် (.) ပြီးရင်ရေးထားတဲ့ apk ဆိုတာ သူ့ရဲ့ file extension ပါ။ apk ဆိုတာ Android package အတိုခေါက် ခေါ်တာပါ။ file extension တွေ ရဲ့ အဓိပ္ပါယ် ဘာလဲ ဆိုတဲ့အကြောင်း ဆွေးနွေးမှာ မဟုတ်တဲ့အတွက် နိဒါန်းကို ဒီမှာ နားမယ်။

OK, Computer မှာ program တစ်ခု သွင်းတိုင်း program နဲ့ သက်ဆိုင်တဲ့ file type လေးတွေပါ တပါတည်း ပါဝင်တက်ပါတယ်။ ဥပမာ – something.psd ဆိုတဲ့ file လေး ရှိတယ် ဆိုပါစို့။ ကိုယ့်ကွန်ပျူတာထဲမှာ Adobe Photoshop installed လုပ်မထားဘူးဆိုရင် something.psd ဆိုတဲ့ ဖိုင်ကို ကွန်ပျူတာက unknown file လို့ပဲ ပြနေမှာပါ။ ဘာလို့လဲဆိုတော့ Windows ရဲ့ default file type တွေထဲမှာ .psd မပါဝင်လို့ပါပဲ။ အဲဒီ something.psd ကို double click နဲ့ ဖွင့်ကြည့် open with ဆိုပြီး ဖွင့်ရမယ့် program တောင်းလိမ့်မယ်။ Adobe Photoshop ရှိတယ်ဆိုရင်တော့ တန်းပြီး ပွင့်လာလိမ့်မယ်။

ကျွန်တော် ပြောချင်တာက file extension ကို ကစားနည်းလေးပါ။ အလွန် အသုံးဝင်ပါတယ်။ Folder lock, Windows lock တွေ သုံးစရာ မလိုတော့ဘူး။ ကိုယ်ဝှက်ချင်တာ ဖွင့်မကြည့်စေချင်တာတွေကို ပုံဖျက် ပုန်းရှောင်နည်းပေါ့။ အိုစကေ ဇာတ်လမ်းမစခင် file type လေး အချို့နဲ့ မိတ်ဆက်ပေးဖို့ လိုမယ်ထင်တယ်။ ကွန်ပျူတာဖြစ်ဖြစ် ဖုန်းဖြစ်ဖြစ် အသုံးပြုသူတိုင်း သိထားသင့်တာက file format ပါ။ ဓါတ်ပုံတွေဆိုရင် အသုံးအများဆုံးက .jpg or .JPEG, .PNG, .BMP. ဗွီဒီယို တွေဆိုရင် အသုံးများတာတွေက .mp4, .avi, .3gp and .MPEG စသဖြင့်ပေါ့။ အသံဖိုင်တွေဆိုရင် .mp3, .WMA, .ogg စသဖြင့်သုံးကြပါတယ်။ ဒါက လူသိများ အသုံးများတာလေးတွေ ဥပမာ ပြောတာ။ အိုကေ အလုပ်စမယ်။

Computer ရဲ့ default သက်မှတ်ချက်အရ file type တွေကို hide ထားတယ်ဗျ။ file extension တွေ မြင်ရဖို့ အတွက် ကွန်ပျူတာရဲ့ control panel ကို သွားပါ။ files and folder ထဲဝင် Folder options ထဲက check box လေးတွေထဲမှာ Hide extension for known file type ဆိုတာလေးကို အမှန်ခြစ် ဖြုတ်ပါ။ ပြီးရင် apply and OK ပေး။ အကုန်ပိတ်ပြီး ပြန်ထွက်ခဲ့တော့။

Files တွေကို ပြန်ကြည့် ဘာထူးလဲလို့။ File နော် Folder မဟုတ်ဘူး။ Filebနာမည်လေးတွေရဲ့ နောက်မှာ ( . ) လေးနဲ့ နောက်က file type လေးတွေပါ ပေါ်နေပါလိမ့်မယ်။ ကဲဗျာ ရှင်းအောင် လက်တွေ့ ဥပမာလေးတစ်ခု လုပ်ကြည့်မယ်။ notepad ကိုဖွင့်မယ် I love you လို့ ရေးလိုက် ပြီးရင် desktop ပေါ်မှာ note ဆိုတဲ့ နာမည်နဲ့ save လိုက်။ Desktop မှာ သေချာကြည့် note.text ဆိုတဲ့ ဖိုင်လေး တွေ့လား။ Double click နဲ့ ဖွင့်လိုက် ကျွန်တော်တို့ ရေးထားတဲ့ I love you လေး ပေါ်တယ်ဟုတ်။ ပြန်ပိတ်လိုက်။ အဲဒီ note.text လေးကို mouse နဲ့ တချက်နှိပ် ပြီးရင် keyboard ပေါ်က f2 ခလုတ်လေး နှိပ်။ Cursor ကို ” . ” ရဲ့ နောက်မှာ ချ ပြီး text လေးကိုဖျက် ကြိုက်တာ တခုခု ဥပမာ – note.bin လို့ ပြောင်းလိုက်။ ပြီးရင် ပြန်ဖွင့်ကြည့် open with ဆိုပြီး ဘာနဲ့ ဖွင့်ရမှန်းမသိ ဖြစ်ပြီလေ။ ဘာလို့လဲဆိုတော့ notepad program က ဦးစားပေး ဖက်ပေးမယ့် file format ဖြစ်တဲ့ text မဟုတ်တော့ ဘာနဲ့ဖက်ရမှန်းမသိ ဖြစ်သွားတာ။ ပြန်ဖက်လို့ ရ ချင်ရင် နာမည်ပြန်ပြောင်းပြီး note.text ထားလိုက် I love you လေး ပြန်ပေါ်လာမယ်။ ဒါက ဖွင့်မရ ယုံသပ်သပ်ပဲ။

ပြသနာ နဲနဲ ထပ်ရှာကြည့်မယ်။ စောနက note.text လေးကို rename နောက်တခါ လုပ်မယ်။ ဒီတခါ .txt လေးကို .jpg လို့ ပြောင်းလိုက်မယ်။ warning dialogue ပေါ်လာမယ် OK ပဲပေါ့။ သေချာ ကြည့်ကြည့် note.jpg ဆိုတဲ့ ဖိုင်ပုံစံလေးက ဓါတ်ပုံဖိုင်လေးနဲ့ တူမသွားဘူးလား? Double click နဲ့ ဖွင့်ကြည့် picture viewer ပွင့်လာပြီး error ပြလိမ့်မယ်။ ပြန်ပွင့်ချင်ရင် note.jpg ကို note.txt ပြန်ပြောင်းလိုက်ပေါ့။ သဘောတရားကတော့ ဒါပါပဲ။ ၂ နည်းရှိတယ် ပထမနည်းက ဖွင့်မရအောင် ပေါက်ကရ extension တခုခု ထားလိုက်တဲ့နည်း။ ဒုတိယနည်းက ဖွင့်မရအောင် အမျိုးမတူ extension တခုခု ထားလိုက်တာ။ ဓါတ်ပုံဖိုင်ကို ဗွီဒီယို extension ထားလိုက်ရင် player ပွင့်လာပြီး ပုံမပေါ်ဘူး ဖြစ်မှာပေါ့။ ဒီနည်းလေးတွေသုံးပြီး ကိုဝှက်ထားချင်တဲ့ ဓါတ်ပုံ၊ ဗွီဒီယို၊ စာအုပ် အစရှိတဲ့ ဖိုင်တွေကို extension လေး ပြောင်းပြီး သူများ ဖွင့်မရအောင် ပိတ်ထားလိုက်ရုံပဲ။

တခု မမေ့ဖို့က extension ပြောင်း နာမည်ပြောင်း ကိစ္စတွေ ပြီးရင် folder options ထဲက check box မှာ hide extension for known file type ကို ပြန်ခြစ်ထားလိုက် စိတ်ချရတာပေါ့။ တော်သေးပြီ။

Comments

Popular posts from this blog

Computer Knowledge 20(သိထားသင့်တဲ့ ကွန်ပျူတာ အကြောင်း)

51Knowledge က̳ွ̳န်̳̳ပျ̳̳ူ̳တ̳ာ̳န̳ှ̳င့်̳̳̳ပ̳က်̳̳သ̳က်̳̳၍̳ ̳လ̳ူ̳သ̳ိ̳န̳ည်̳̳း̳ေ̳သ̳ာ̳ ̳အ̳ေ̳ၾ̳က̳ာ̳င္̳̳း̳အ̳ရ̳ာ̳အ̳ခ်̳̳ိ̳ဳ̳႕̳ ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။ ၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။ ၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။ ၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။ ၄။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။ ၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင်...

Windows 8/8.1/10 တင်နည်း

Windows 8/8.1/10 တင်နည်း Windows 8/8.1/10 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ် ပါတယ်။ (Windows 8/8.1/10 စတဲ့ Windows တွေကတော့ များသောအားဖြင့် Step တွေ အာလုံးအတူတူပဲ)... တကယ်လို့ သင်ဟာ Windows တင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံး၀ အသုံး၀င်မယ်လို့ မျှော်လင့်ပါတလ်။ Windows ဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။ .. ... (သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။) ဟုတ်ပါတလ်။ Windows ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို Backup အရင်လုပ်ထားသင့်ပါတယ်။ ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ် DVD အခွေထဲတွေမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။ (External HDD ကိုတော့ ပိုပီးတော့ Recommend ပေးပါတလ်။ ဘာဖြစ်လို့လဲဆိုရင်တော့ Data D ထဲမှာ သိမ်းထားတာကလည်း မလုံခြုံပါဘူး... ပျက်နိုင်ခြေ ၂မျိုးခုရှိပါတလ်။ D Partition ကို မှားဖြတ်မိတာပဲဖြစ်ဖြစ်၊ UEFI နဲ့ Lagency ဖြစ်နေလို့ ဖြစ်လိုက်ရတာပဲဖြစ်ဖြစ်ကြောင့် မှားဖြတ်လိုက်မိရင် ပျက်သွားနိုင်ပါတလ်။ ထားပါတော့ နောက်ပိုင်း UEFI နဲ့ Lagency အကြ...